(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ နန်းဟေဝန်ပန်းခြံ၌ (၄-၁-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၂၆၈)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခြင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။