ဗုဒ္ဓစွယ်တော်စေတီမြတ် ထီးတော်တင်ခြင်းနှင့် စွယ်တော်မြတ်ပင့်ဆောင်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မင်္ဂလာမွေတော်ကျောင်း၌ (၂၇-၁၂-၂၀၂၃)ရက်၊ (၀၈၃၀)အချိန်တွင် မိုင်းဖုန်းဆရာတော်ဘုရားဦးဆောင်၍ တည်ထားကိုးကွယ်သော ဗုဒ္ဓစွယ်တော်စေတီမြတ် ထီးတော်တင်ခြင်းနှင့် စွယ်တော်မြတ်ပင့်ဆောင်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဆရာတော်ကြီးများထံမှ တရားတော်နာယူခြင်းနှင့် ရေစက်ချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။