ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၂၆-၁၂-၂၀၂၃)ရက်၊ (၁၃၀၀)အချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား (၅၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဝန်ထမ်းသက်သာချောင်ချိရေး အတွက် ဝန်ထမ်း(၁)ဦးလျှင် ပဲဆီ (၅၀)ကျပ်သား (၁)ဘူး၊ ကြက်ဥ (၇)လုံးနှင့် အာလူး (၅၀) ကျပ်သား တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။