လွိုင်လင်-တောင်ကြီး-ပြည်ထောင်စု-ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ (၂၆-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် (၃၀၀.၁၆၇)သန်း ဖြင့် လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သည့် လွိုင်လင်-တောင်ကြီး-ပြည်ထောင်စု- ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်း တာချဲ့ခြင်း၊ ကတ္တရာခင်းခြင်းနှင့် အမာခံလမ်းပုခုံး ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။