ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည်များထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးခန်း၌ (၂၃-၁၂-၂၀၂၃)ရက်၊ (၁၄၀၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးကပေးပို့ထောက်ပံ့လာသော အဝတ်အထည်အမျိုးမျိုးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည်များထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိတို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည် (၃၈၀)ထည်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။