ရှမ်းပြည်နယ်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လားရှိုး)ရုံး၊ အစည်းအဝေး ခန်းမ၌ (၁၇-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း အင်အား (၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ခရိုင်/ မြို့နယ်များမှ ယာယီနေရပ် စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်း (၁၁၇၂)ဦးကိုယ်စား သက်ဆိုင်ရာဌာနအကြီးအမှူးများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သော စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်ဥ၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာနှင့် မရွေးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။