စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်၊ အခြေခံပညာမူလတန်း ကျောင်း၌ (၁၈-၁၁-၂၀၂၃)ရက်၊ (၀၇၃၀)အချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အခြေခံပညာ မူလတန်းကျောင်းအတွင်း/အပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်သရိုက်များဆယ်ယူခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း နှင့် အဆောက်အဦနှင့်ထိစပ်နေသည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။