လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ (၁၇-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ လူငယ်စကားဝိုင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး၊ အ.ထ.က (ကွန်ဟိန်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၁၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။