မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ မင်းလွင်ကျေးရွာ အ.လ.က(မင်းလွင်)စာသင်ကျောင်း၌ (၁၄-၁၁-၂၀၂၃)ရက်၊ (၁၃၃၀)အချိန်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများ အား မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။