စစ်ကြောင်းကြီး (၅)ကြောင်းဖြင့်ကွင်းဆင်း၍ ပြည်သူ့ဝန်ဆောင်မှုများပေးခြင်း

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ လေးရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၁၃-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။