လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်းကျေးရွာအုပ်စုရှိ အမှတ် (၉၂) စက်မှုလယ်ယာစခန်း၌ (၁၃-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ ဦးရဲနိုင်(ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ခွဲ ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား (၃၀)ဦးဖြင့် (၁-၁၁-၂၀၂၃)ရက်နေ့မှ (၂၄-၁၁-၂၀၂၃)ရက် နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။