မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း များအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ခန်းမ၌ (၁၁-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အသင်းများအားလုံးကိုယ်စား အားကစားသမား (၁)ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။