စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ရေဆင်း - ၁ စပ်မျိုးနေကြာနှင့် တိုင်းရင်းကြက်မျိုးများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်(ခရိုင်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူ များအား ရေဆင်း - ၁ စပ်မျိုးနေကြာ (၁)ဧကလျှင် (၃)ကီလိုနှုန်းဖြင့် ဧက (၃၀၀)အတွက်လည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ကြက်ဖ/ ကြက်မ (၁)ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)စုအတွက် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။