ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ KMA Hotel ၌ (၇-၁၁-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင် ချက်များ Video ပြသခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်မှုပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း တို့တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ဆုများရရှိခဲ့သည့် သင်တန်းသား/ သူများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော် များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်အမှူးပြုသော အရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။