(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းနေမှုအခြေအနေအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ (၂-၁၁-၂၀၂၃)ရက်၊ (၀၉၀၀) အချိန်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ဒုတိယ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်း နေမှုအခြေအနေအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသူ ဝန်ထမ်းစုစုပေါင်း (၁၆)ဦးအား အာဟာရဓာတ်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။