တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ (၁-၁၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ၌ တိရစ္ဆာန်ကောင်ရေစာရင်း တစ်အိမ်တက်ဆင်း ကောက်ယူရေးဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။