၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဝိသာခါ ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက် ဝါတွင်း/ဝါပအာရုဏ်ဆွမ်းလောင်းလှူပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူတက်ရောက်၍ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။