၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် နေမင်းရောင်(BOT)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း၊ လွိုင်လင်ခရိုင်အပိုင်း လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လမ်းဦးစီးမှူး၊ နေမင်းရောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးပြည့်မီရေး၊ လမ်းဘေးရေမြောင်းများကောင်းမွန်စေရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။