ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးခြင်းဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ လင်းခေး-ဝမ်ဟတ်-ဟိုမိန်းသွားလမ်း၊ လူစည်ကားရာနေရာ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသား တစ်ဦး၏အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် လူထုအသိပညာပေး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ အထက(လင်းခေး)ကျောင်းသား/သူများ၊ ဒေသခံပြည်သူများစုစုပေါင်းအင်အား ၃၂၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။