၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော တိုင်းရင်းသားယဉ်ကျေးမှုယဉ်ကျေးမှုပြတိုက်(၂၀၀x၁၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး ၊ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။