၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ ဟူးမွန်ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာ၊ ဟူးမွန်ကွင်းရှိ လယ်မြေများတွင် တောင်သူများ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများဖြစ်ထွန်းနေမှုအခြေအနေများနှင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် လားရှိုးမြို့နယ်၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော လူနာများအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း လိုက်ပါ၍ အားပေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။