ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် မဲဆန္ဒရှင်များအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာမဲဆန္ဒရှင်ဝန်ထမ်း ၅၀၀ ဦးခန့်အား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့စမ်းသပ် မဲပေးခြင်းနှင့်မဲရလဒ်များ ထုတ်ပြန် ခြင်းလုပ်ငန်းစဉ်များ အသိပညာပေးဆောင်ရွက်နေမှု အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊