ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုမှုနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇဝနရပ်ကွက်နှင့် ကျိုက္ကဆံ (အနောက်)ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား ကျိုက္ကစံဆံတော်ရှင်စေတီတော်အတွင်းရှိ ဓမ္မဗိမ္မာန်ဓမ္မာရုံ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုမှုနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ မဲဆန္ဒရှင် ပြည်သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။