ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့အတွင်း အိမ်ဆောက်ပစ္စည်းများ တရားမဝင် ဈေးနှုန်းဖြင့် အမြတ်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ အိမ်ဆောက်ပစ္စည်းများအား တရားမဝင်ဈေးနှုန်းဖြင့် အမြတ်တင် ရောင်းချမှုမရှိစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။