ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ယခင်နှစ်ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နမ့်တုံချောင်း ရေကြောင်းပြောင်းလဲမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ယခင်နှစ်ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နမ့်တုံချောင်း ရေကြောင်း ပြောင်းလဲမှုနှင့်အတူ အဓိကချောင်းကျိုးပေါက်မှု နှစ်နေရာဖြစ်ပေါ်ခဲ့ရာ ၂ဝ၂၅-၂ဝ၂၆ခုနှစ်၊ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် နမ့်တုံချောင်း သဲနုန်း တူးဖော်ခြင်း၊ မူလချောင်းလမ်းကြောင်းအတိုင်း အလျား ၃၅ဝဝ ပေ၊ အကျယ် ၆ဝ ပေ၊ မြေကြီးကျင်း ၈၃၈၇.၅ဝ ကျင်း တူးဖော်ခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။