ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တော်ဝင်မိုင်းယောင်းဆန်စက်ကြိတ်ခွဲလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ နမ့်ယွန်းကျေးရွာရှိ တော်ဝင်မိုင်းယောင်းဆန်စက် တန်(၃၀)ကျဆန်စက် ကြိတ်ခွဲလည်ပတ်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း ဦးဆောင်၍ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စပါး အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။