ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မလိခလမ်းရှိ နေအိမ်များ အား ဧည့်စာရင်းစစ်ဆေးရာတွင် PSMS (Person Scrutinization and Monitoring System) အား အသုံးပြု၍ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မလိခလမ်းရှိနေအိမ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့် စာရင်းစစ်ဆေးခဲ့ပြီး ဧည့်စာရင်း စစ်ဆေးစဥ် မြို့နယ်ရဲတပ်ဖွဲ့မှ PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ် တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေး ခံရသူများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။