၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် ခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း(၃)၊ ခရေပင်လမ်း၊ အမှတ် (၁၃၈)ရှိ K2 Co.,Ltdမှ လုပ်ငန်းတွင် အသုံးပြုရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းအား လက်ဝယ် ထားရှိအသုံးပြုခွင့် လိုင်စင်နှင့် ထိန်းချုပ်ဓာတုပစ္စည်းသိုလှောင်ဖြန့်ဖြူးခွင့်လိုင်စင်တို့အား (သက်တမ်း တိုး) ခွင့်ပြုနိုင်ပါရန် ဒေါ်ကြည်ပြာဝင်းသူ (Director, K2 Co.,Ltd) လျှောက်ထားလာမှုအပေါ် မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။