၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ညောင်ရွှေမြို့နယ်သို့ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အိမ်ထောင်စု ၃၆၇၉ စု၊ လူဦးရေ ၁၃၄၃၅ ဦးတို့အတွက် လူတစ်ဦးလျှင် တစ်လငွေကျပ် ၂ဝ,ဝဝဝိ/- နှုန်းဖြင့် ဧပြီ၊ မေနှင့် ဇွန်လ (၃)လစာအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၈၀၆,၁၀၀,၀၀ဝိ/-အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။