ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝဓာတ်မြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်နည်း ကွင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၂)ရပ်ကွက် ၊ ရှင်းလင်းဆောင်လမ်း ၊ ကွင်းအမှတ်- ၂၈၉ တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများအား သဘာဝဓာတ်မြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်နည်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ စုစုပေါင်းအင်အား ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။