၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ် အင်းလေးကန်အတွင်းရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် ရေလယ်ဧည့်ခန်းမဆောင် ပြုပြင်မွမ်းမံနေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။