မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်ရှိ နီပွန်ကွန်ကရစ်တိုင်စက်ရုံ၌ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်ရှိ နီပွန်ကွန်ကရစ်တိုင်စက်ရုံ၌ လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။