ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဒေသခံပြည်သူများအား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းဆွေးနွေးခြင်းနှင့် သိလိုသည်များအား အပြန် အလှန် ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။