တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) စမ်းသပ်သရုပ်ပြခြင်းနှင့် ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) စမ်းသပ်သရုပ်ပြခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း ဖွင့်လှစ်နေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ဦးဆောင်၍ ခရိုင်၊ မြို့နယ်မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။