ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် ဝန်ထမ်း အိမ်ရာရှိ အုတ်တံတိုင်းပြိုကျသည့်နေရာများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် ဝန်ထမ်းအိမ်ရာရှိ အုတ်တံတိုင်းများပြိုကျသည့် နေရာများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း ဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး၍ လက်ရှိရေတိုက်စားလျက်ရှိသော နမ့်စင်ချောင်းအား ရေစီးကြောင်းပြောင်းလဲစေရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးပြီး ရေလွှဲရေကာတန်း ဆောင်ရွက်နိုင်မည့် နေရာအားသတ်မှတ်၍ အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။