ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဟမ်းပလို့ကျေးရွာရှိ “မေတ္တာစိမ့်စမ်း” မူလတန်း ကြိုကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်၊ ဟမ်းပလို့ကျေးရွာရှိ “မေတ္တာစိမ့်စမ်း” မူလတန်းကြိုကျောင်းအား DPEC(Development Professional Engineering Conservent)ကုမ္ပဏီမှ ဆောက်လုပ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။