မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးနှင့်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် လမ်း၊ တံတား ဆောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးနှင့်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့်၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် လမ်း၊ တံတားဆောက်လုပ်ခြင်းလုပ်ငန်းများအား အတိုင်းအတာသတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီမှု ရှိ/မရှိအခြေအနေများအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။