၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့၌ စက်မှုဇုန်သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်အတွင်း အကောင်အထည်ဖော်ရန် ကျန်ရှိသည့်ကိစ္စရပ်များ၊ စက်မှုဇုန်အတွင်းရှိ စက်ရုံများ၏လည်ပတ်မှု အခြေအနေများ၊ အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် ပုန်းထွန်ရပ်ကွက် ရေချောင်းအနီး ရေကြီး ရေလျှံမှု ကာကွယ်နိုင်ရေးအတွက် စည်ပင်သာယာရေးဦးစီးဌာနမှ မြေသားတာဘောင် မြေထိန်းနံရံ ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။