၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဆင်ခြေဖုံးမြောက်ကျေးရွာအုပ်စု၊ ဟွေမုန်ကျေးရွာ၊ ကွင်းအမှတ်- ၁၊ ဦးပိုင်- ၂၄၊ တောင်သူ ဦးလှမောင်၏ DU-8 မျိုးသန့်လယ်စိုက်ကွက်များ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။