မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း (၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာအခမ်းအနား တက်ရောက်ခဲ့

ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခေါင်စူး)ပွဲတော်၊ ကရင်တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဝါခေါင်လရောက်တိုင်း နှစ်စဉ် ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့နံနက် (၈)နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကရင် အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းတွင် (၂၄)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာအခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အခမ်းအနားသို့ မြသုခတပ်ဦးကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒေါက်တာ အရှင်ပညာနန္ဒ၊ တောင်ကလေးအေးရိပ်သာကျောင်းတိုက်၊ လက်နက်ကိုင်(၄)ဖွဲ့ ညီညွှတ်ရေးကော်မတီ ဆရာတော် အရှင်အဂ္ဂဝံသနှင့် ပင့်သံဃာ ၈ ပါး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ ရတတမခ (၄၄)တပ်မမှူး ဗိုလ်မှူးကြီး ညီညီဦး၊ ခစတဗဟိုကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နယ်ခြား စောင့်တပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခစတ(၁၀၁၈)တပ်မှူး ဗိုလ်မှူး စောဒီးဒီး၊ KKOအဖွဲ့မှ စစ်ဦးစီး အရာရှိချုပ်အဆင့်ရှိ စောဆန်းအောင်၊ KKOအဖွဲ့(မြဝတီ)ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီးအဆင့်ရှိ စောသရဲနီ၊ KNU/KNLA(PC)အဖွဲ့မှ မြဝတီဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး အဆင့်ရှိ စောအယ်ဒို၊ KNLA တမဟ(၇)မြဝတီဆက်ဆံရေးရုံး ခေတ္တတာဝန်ခံ စောမိုရှေး၊ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ စောကျော်မြင့်သန်း၊ ဒုဥက္ကဋ္ဌ စောထွန်းထွန်းဦး၊ အတွင်းရေးမှူး စောကာကား၊ တွဲဖက်အတွင်းရေးမှူး မန်းစိုးသီဟ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့်ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံကရင် တိုင်းရင်းသား/တိုင်းရင်းသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။