မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင်များနှင့် ဘဏ်များတွင် လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုခြင်း ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင်များနှင့် ဘဏ်များတွင် လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုခြင်း ရှိ/မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။