၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နေ့လည် ၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေအရင်း/ အတိုးမှ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်ကုန်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ဆောင်ရွက်နေသော လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။