၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့ မြို့အဝင်ဆိုင်းဘုတ်အနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ၏ လုပ်အားဖြင့် ကိုယ်ထူကိုယ်ထကွန်ကရစ်ခင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အားကစား ပစ္စည်း ၅ မျိုး တပ်ဆင်ခြင်းလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။