ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (တောင်ရွာ)၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တောင်ရွာ)၌ ကျောင်းသား/ကျောင်းသူ များအား ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ( Healthy Lifestyle) အလေ့အထများစွဲမြဲစေရန် အတွက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားသို့ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။