ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်းမကြီးမှ ဝမ်အင်-ဝမ်လုံ မေတ္တာအေးရိပ်ပရဟိတကျောင်းသွားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံ- လဲချားသွားကားလမ်းမကြီးမှ ဝမ်အင်- ဝမ်လုံမေတ္တာအေးရိပ်ပရဟိတ ကျောင်းသွားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။