၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘူတာအနီးရှိ မိုးသည်းထန်စွာရွာသွန်း၍ ကလောချောင်းရေကြီး ရေလျှံမှုကြောင့် ကလောချောင်းမြေသားနံရံတိုးချဲ့နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း ဦးဆောင်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၁၀ ဦးခန့်ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။