ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်လွိုင်ရပ်ကွက်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သူနာပြုအိမ်ရာဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်၊ ဝမ်လွိုင်ရပ်ကွက်တွင် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့နယ်ပြည်သူ့ဆေးရုံ ၆ ခန်းတွဲ ၄ ထပ် သူနာပြုအိမ်ရာ(၂၂၄၅၀ စ/ပေ) (ရေသန့်၊ လျှပ်စစ်နှင့် အခြားဆက်စပ်လုပ်ငန်းများ) ဆောက်လုပ်ခြင်းလုပ်ငန်းတိုးတက်မှုအခြေအနေအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့် အညီဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။