မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်မှ စစ်တောင်းတံတားအထိ လမ်းတစ်လျှောက် ပြန်လည်ပြုပြင်ရန် လိုအပ်သည့်နေရာများအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်မှ စစ်တောင်းတံတားအထိလမ်းတစ်လျှောက်သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန် နှင့်ကတ္တရာလမ်းများတွင်ရေတိုက်စားမှုကြောင့် ပျက်စီးနေသော ချိုင့်ခွက်များအား ပြန်လည်ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည့်နေရာများသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။