၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့ (Choke Point) ဆောင်ရွက်မည့် လျာထားမြေနေရာအား ခရိုင်တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ ခရိုင်တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။