ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်၊ ကမ်းနားလမ်းဘေးတွင် ဖွင့်လှစ်ထားရှိသော ACM အမည်ရှိ လေဖြတ်လူနာများအား ပြုစုကုသပေးနေသောလုပ်ငန်းသည် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရှိ/ မရှိအား စိစစ်တင်ပြရန် အကြောင်းကြားလာမှု အပေါ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူနှင့် မြို့နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီတို့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။